2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ Professional ကစားသမားများ လက်ရည်စစ်ပွဲအောင်မြင်

2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ Professional ကစားသမားများဖြစ်ကြသည့် ရဲထက်အောင်၊ သီဟဌေး၊ အောင်ဆန်းမျိုးနှင့် ကျော်သက်ဦးတို့သည် လက်ရည်စစ်ပွဲ အောင်မြင်ပြီး 2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည် လက်ရည်စစ်ပွဲကို ထိုင်းနိုင်ငံ Kabinburi Sport Club, Prachinburi တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၂ရက်မှ ၂၅ရက်နေ့အထိ ပထမအဆင့် လက်ရည်စစ်ပြိုင်ပွဲအား ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ဘိုဘိုလေး၊ ဇော်ဇော်လတ်၊ သီဟဌေး၊ စိုးမိုးဝင်းနှင့်ရန်မျိုးအေးတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဘိုဘိုလေးက စုစုပေါင်းရိုက်ချက် ၂၈၉ချက်၊ ဇော်ဇော်လတ်က စုစုပေါင်းရိုက်ချက် ၂၉၀ချက်နှင့် သီဟဌေးက စုစုပေါင်းရိုက်ချက် ၂၉၉ချက်တို့ဖြင့် ပထမအဆင့် လက်ရည်စစ်ပွဲကိုအောင်မြင်ခဲ့ကြသည်။ 2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲ…