၂၀၂၂ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်ပွဲစဉ်) တတိယနေ့ကို ဆက်လက်ပြုလုပ်

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) တတိယနေ့ ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ဆက်လက်ပြုလုပ်သည်။ ပြိုင်ပွဲ၏ တတိယနေ့အပြီး ပညာရှင်အဆင့်ပြိုင်ပွဲတွင် သိန်းနိုင်စိုး (HAN Golf Academy) က စုစုပေါင်းရိုက်ချက် ၂၀၉ ချက်ဖြင့်သတ်မှတ်ရိုက်ချက်ထက် (၇)ချက်လျော့ရိုက်ကာ ပထမ၊ မျိုးဝင်းအောင် (PRGR) နှင့် သိန်းဇော်မြင့် (Taylormade)တို့ကစုစုပေါင်းရိုက်ချက် ၂၁၆ချက်ဖြင့်ဒုတိယ အဆင့်တို့တွင် လည်းကောင်း၊ ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် လွင်မိုးကစုစုပေါင်းရိုက်ချက် ၂၁၄ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၂)ချက်လျော့ရိုက်ကာပထမ၊ ဇော်ဇော်ထွန်းက စုစုပေါင်းရိုက်ချက် ၂၁၆ချက်ဖြင့် ဒုတိယ၊ လှိုင်မင်းထက်က…

၂၀၂၂ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်ပွဲစဉ်) ဒုတိယနေ့ ဆက်လက်ပြုလုပ်

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) ဒုတိယနေ့ ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ဆက်လက်ပြုလုပ်သည်။ ပြိုင်ပွဲ ပထမနေ့အပြီးတွင် ပညာရှင်အဆင့်ပြိုင်ပွဲ၌ သိန်းနိုင်စိုး (HAN Golf Academy)က သတ်မှတ်ရိုက် ချက်ထက် (၄)ချက်လျော့ရိုက်ကာ ပထမ၊ ရာဇာ (NPTDC) ကသတ်မှတ် ရိုက်ချက် ထက် (၁)ချက် လျော့ရိုက်၍ ဒုတိယ၊ မျိုးဝင်းအောင် (PRGR)နှင့် ရန်မျိုးအေး(Yangon Golf Store)တို့ကသတ်မှတ် ရိုက်ချက် (၇၂)ချက်စီဖြင့် တတိယအဆင့်တို့တွင် လည်းကောင်း၊ ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် လှိုင်မြင့်ဇော်ကသတ်မှတ် ရိုက်ချက်ထက်…

၂၀၂၂ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်ပွဲစဉ်)ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၁၄ ===================================== မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော် အရာရှိကြီးများ၊ Mytel Operator မှတာဝန်ရှိသူများ၊ မြဝတီဘဏ်လီမိတက်မှတာဝန်ရှိသူများ၊ အင်းဝဘဏ်လီမိတက်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ဦးစွာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နှင့်မြန်မာပီဂျီအေ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ Mytel…

၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်)ပွဲစဉ်အတွက် လက်ရည်စစ်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂါက်သီးအဖွဲ့ချုပ်နှင့်မြန်မာပီဂျီအေတို့မှစီစဉ်၍ မြဝတီဘဏ်လီမိတက်နှင့်အင်းဝဘဏ်လီမိတက်တို့မှ အဓိက ကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်)ပွဲစဉ်ကို နိုဝင်ဘာ ဒုတိယ အပတ်တွင် ပြင်ဦးလွင်မြို့ရှိ ချယ်ရီလွင်ဂေါက်ကွင်း၌ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင်ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်(အမျိုးသား)(H’cap 0-12) ဝါသနာရှင်အဆင့်(အမျိုးသမီး) (H’cap 0-18)ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး ပြိုင်ပွဲကို စိန့်အင်ဒရူး ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရစည်းမျဉ်း များအတိုင်း ကျင်းပ မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် လူဦးရေ ကန့်သတ်ထားသောကြောင့် ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲ အတွက် လက်ရည်စစ်ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့်အား စီစစ်ရွေးချယ်မည်ဖြစ်သည်။ လက်ရည်စစ်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)နှင့် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဂေါက်ကလပ်တို့တွင် အောက်တိုဘာ (၃၁)ရက်နေ့နှင့်နိုဝင်ဘာ (၁)ရက် တွင် ကျင်းပမည်ဖြစ်ပြီး ယှဉ်ပြိုင်လိုသူများအနေဖြင့် အောက်တိုဘာ (၃၀)ရက်နေ့ နေ့လယ် ( ၂)နာရီနောက်ဆုံးထားကာ…

13th Singha Thailand Junior World Golf Championships 2022 ဂေါက်သီးရိုက်ပြိုင်ပွဲသို့ Junior Golf Myanmar မှ ကစားသမားသွားရောက်ယှဉ်ပြိုင်မည်

၂၀၂၂ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ ၃၀ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် 13th Singha Thailand Junior World Golf Championships 2022 ဂေါက်သီးရိုက်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့သည် အောက်တိုဘာ ၂၅ရက်နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဆွေမျိုးမိတ်သင်္ဂဟ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ ပြိုင်ပွဲဝင် မြန်မာဂေါက်သီးရိုက်အဖွဲ့တွင် အဖွဲ့ခါင်းဆောင်အဖြစ် ဦးကျော်မောင်မောင်ဟိန်း၊ အားကစားသမားများအဖြစ် Junior Golf Myanmar (JGM) မှ ထူးမြတ်အောင်၊ Locadio.K ၊ အေးစုအောင်နှင့် လကျ်ာလေးဖြူတို့သည် သက်တန်းအလိုက်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်သည် ကစားသမားများ ပြိုင်ပွဲ အတွေ့ အကြုံရစေရန်နိုင်ငံတကာ ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေလျှက်ရှိသည်။  

Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ကြီးမှူး၍ MTH Construction Group မှအဓိကကူညီ ပံ့ပိုးသော Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲအား ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ၂၀၂၂ခုနှစ် စက်တင်ဘာ (၂၁)ရက်မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် Professional အဆင့်နှင့် Junior အဆင့်ပြိုင်ပွဲဟူ၍ ကျင်းပမည်ဖြစ်ပြီး Junior အဆင့်တွင်အသက် ၁၂နှစ်အောက်သက်တမ်း၊ ၁၄နှစ်အောက်သက်တမ်း၊ ၁၈နှစ်အောက်သက်တမ်းနှင့် အမျိုးသမီး (၁၈)နှစ်အောက်သက်တမ်း ဟူ၍ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို စိန့်အင်ဒရူး ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရစည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံတစ်ဝှမ်းမှ Professional အဆင့်နှင့် Junior ဂေါက်သီးရိုက် အားကစား သမားများသည် ၂၀၂၂ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ မွန်းလွဲ ၂နာရီနောက်ဆုံးထား၍ ဦးထွန်းကျော် ဖုန်းအမှတ်…

Burmese Golf Open Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီ ပံ့ပိုးသော Burmese Golf Open Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့ကိုရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ၂၀၂၂ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင်ဆက်လက် ကျင်းပသည်။   ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေးမှ နုတ်ခွန်းဆက်အမှာစကားပြောကြားသည်။   ထို့နောက် Burmese Golf Myanmar မှ ဒါရိုက်တာ ဦးရဲလွင်ဦးမှ အသက် ၁၂နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၃ချက်ဖြင့် တတိယဆုရရှိသော ဘုန်းပြည့်ဖြိုးဟိန်း(တောင်ငူ)အားလည်းကောင်း၊စုစုပေါင်းရိုက်ချက် ၁၇၂ချက်ဖြင့် ဒုတိယဆုရရှိသော ချွယ်ဝမ် (ရန်ကုန်)အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၁ချက်ဖြင့် ပထမဆုရရှိသော ထူးမြတ်အောင် (မြိတ်)တို့အားလည်းကောင်းဆုများကိုပေးအပ်ချီးမြှင့်သည်။   ဆက်လက်ပြီး Junior Golf…

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပြီးစီး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့နှင့် ဆုချီးမြင့်ပွဲကို ယနေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ ဆက်လက်ကျင်းပသည်။ တတိယနေ့ပွဲစဉ်များအပြီးတွင် ဆုပေးပွဲအခမ်းအနား ဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီး အားကစား အဖွဲ့ချုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက မြို့တော်ဂေါက်ကွင်း(ငွေသော်တာ) သို့ အမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးမင်းညွန့်က လက်ခံရယူသည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသီဟက အသင်းခေါင်းဆောင်များပြိုင်ပွဲတွင် ဆုရရှိသောသူများအား ဆုများကိုပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ထွန်းက အမျိုးသမီးတစ်ဦးချင်း(အကျောပေး)ပြိုင်ပွဲတွင် အသားတင်ရိုက်ချက် စုစုပေါင်း ၁၅၂ချက်ဖြင့် တတိယယဆုရရှိသော ရန်ကုန်အသင်းမှ စန်းစန်းဝင်း၊ အသားတင်ရိုက်ချက် ၁၄၆ချက်ဖြင့် ဒုတိယဆုရရှိသော မန္တလေးအသင်းမှ ဝါဝါသန့်၊ အသားတင်ရိုက်ချက် စုစုပေါင်း ၁၄၀ ချက်ဖြင့်…

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်တို့မှကြီးမှူး၍ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီးမှ ဝန်ကြီးများ၊ အရာရှိကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊  မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေးနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် အသင်းများမှအားကစားသမားများတက်ရောက် ကြသည်။ ပထမဦးစွာ အားကစားသမားများသည် သတ်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အားကစားအဓိဌာန် ၄ချက်ကို ရွတ်ဆိုပြီး၊ တတ်ရောက်လာကြသော တာဝန်ရှိလူကြီးများမှ အားကစားသမားအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန…

Laguna Phuket Championship 2021 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဟိန်းစည်သူ Hole In One ဆု ရရှိ

Asian Tour မှကျင်းပသော Laguna Phuket Championship 2021 ဂေါက်သီးရိုက်ပြိုင်ပွဲအား ထိုင်းနိုင်ငံ Laguna Golf Phuket ၌ ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်နေ့ထိ ၄ ရက် တာကျင်းပလျက်ရှိရာ မြန်မာ Professional ဂေါက်သီးရိုက်ကစားသမား ဟိန်းစည်သူ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲ ပထမနေ့တွင် Hole In One ဆုရရှိခဲ့သည်။ ဟိန်းစည်သူသည် ယင်းပြိုင်ပွဲ၏ ပထမနေ့တွင် ရိုက်ချက် ၆၉ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် တစ်ချက် လျော့ရိုက်ထားပြီး၊ ပြိုင်ပွဲဒုတိယနေ့ကို ဒီဇင်ဘာ ၃ရက်တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲ ပထမနေ့တွင် ၂၀၅ကိုက်ရှိသော ကျင်းအမှတ် ၁၆တွင် Srixon သံတုတ် ၆ ဖြင့်ရိုက်လိုက်ရာ တစ်ချက်တည်းဖြင့်…