Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ကြီးမှူး၍ MTH Construction Group မှအဓိကကူညီ ပံ့ပိုးသော Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲအား ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ၂၀၂၂ခုနှစ် စက်တင်ဘာ (၂၁)ရက်မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် Professional အဆင့်နှင့် Junior အဆင့်ပြိုင်ပွဲဟူ၍ ကျင်းပမည်ဖြစ်ပြီး Junior အဆင့်တွင်အသက် ၁၂နှစ်အောက်သက်တမ်း၊ ၁၄နှစ်အောက်သက်တမ်း၊ ၁၈နှစ်အောက်သက်တမ်းနှင့် အမျိုးသမီး (၁၈)နှစ်အောက်သက်တမ်း ဟူ၍ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို စိန့်အင်ဒရူး ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရစည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံတစ်ဝှမ်းမှ Professional အဆင့်နှင့် Junior ဂေါက်သီးရိုက် အားကစား သမားများသည် ၂၀၂၂ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ မွန်းလွဲ ၂နာရီနောက်ဆုံးထား၍ ဦးထွန်းကျော် ဖုန်းအမှတ်…

Burmese Golf Open Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီ ပံ့ပိုးသော Burmese Golf Open Junior and Professional Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့ကိုရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ၂၀၂၂ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင်ဆက်လက် ကျင်းပသည်။   ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေးမှ နုတ်ခွန်းဆက်အမှာစကားပြောကြားသည်။   ထို့နောက် Burmese Golf Myanmar မှ ဒါရိုက်တာ ဦးရဲလွင်ဦးမှ အသက် ၁၂နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၃ချက်ဖြင့် တတိယဆုရရှိသော ဘုန်းပြည့်ဖြိုးဟိန်း(တောင်ငူ)အားလည်းကောင်း၊စုစုပေါင်းရိုက်ချက် ၁၇၂ချက်ဖြင့် ဒုတိယဆုရရှိသော ချွယ်ဝမ် (ရန်ကုန်)အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၁ချက်ဖြင့် ပထမဆုရရှိသော ထူးမြတ်အောင် (မြိတ်)တို့အားလည်းကောင်းဆုများကိုပေးအပ်ချီးမြှင့်သည်။   ဆက်လက်ပြီး Junior Golf…