Thailand Golf Tour ၏ အဆင့်မြင့် Tour တခုဖြစ်သော All Thailand Golf Tour ၏ Singha Classic 2024 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကျော်သက်ဦး ဒုတိယဆုကို ဆွတ်ခူးရရှိ
၂၀၂၄ခုနှစ် နိုဝင်ဘာလ ၇ရက်မှ ၁၀ရက်နေ့အထိ ထိုင်းနိုင်ငံ Royal Hills Golf Resort ၌ ကျင်းပသည့် All Thailand Golf Tour ၏ပြိုင်ပွဲတစ်ခုဖြစ်သော Singha Classic 2024 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ Professional ဂေါက်သီးရိုက်ကစားသမား ဖြစ်သော ကျော်သက်ဦး ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ကျော်သက်ဦးက ၇၀+၆၈+၆၉+၆၇ ချက်ဖြင့်စုစုပေါင်း ၂၇၄ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၆ ချက်လျော့ရိုက်၍လည်းကောင်း၊ Newport LAPAROJKIT (ထိုင်း)ကလည်း ၆၄+၆၄+၇၃+၇၃ ချက်ဖြင့်စုစုပေါင်း ၂၇၄ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၆ ချက်လျော့ရိုက်ကာ ပထမနေရာတွင် ရိုက်ချက် တူညီနေသောကြောင့် ကျော်သက်ဦးနှင့် Newport LAPAROJKIT (ထိုင်း)တို့သည် ကျင်းပို (၁)ကျင်းထပ်မံယှဉ်ပြိုင်ပြီး ဒုတိယဆုဖြင့်ကျေနပ်ခဲ့ရခြင်းဖြစ်သည်။…










